INHON ၏ မှတ်တိုင်များ

INHON Computer Co., Ltd. သည် INHON International ၏ နောက်ဆက်တွဲ ကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းသည် ၂၀၁၂ခုနှစ်တွင် notebook ထုတ်ကုန်၏ Gigabyte နှင့် ပက်သက်သော အဓိက မူရင်းပစ္စည်းများအတွက် ထူထောင်ခဲ့သည်။ တစ်နှစ်ထဲမှာပင် INHON သည် ၎င်း၏ သီးသန့် အမှတ်တံဆိပ်ဖြစ်သော ၁၃.၃ လက်မရှိ အလွန်ပေါ့ပါးသော notebook ဖြစ်သည့် Blade 13 Ultrabook နှင့် အလွန်ပေါ့ပါးသော Notebook ဖြစ်သည့် ၁၆.၆ လက်မရှိ Carbonbook တို့ကို ကြော်ငြာခဲ့သည်။ ၂၀၁၂ခုနှစ်တွင် Carbonbook သည် Computex ၏ Design and Innovation ဆု၊ Golden Pin Design ဆုနှင့် Red Dot Design ဆုနှင့် အခြားဆုများ အပါအဝင်ဆု အမျိုးမျိုး ရရှိခဲ့သည်။ ၎င်းသည် ကမ္ဘာ့အပေါ့ပါးဆုံး ကာဗွန်မျှင် notebookလည်းဖြစ်သည်။ ၂၀၁၄တွင် INHON သည် ဝယ်ယူသုံးစွဲသူများကို အဆင့်အမြင့်ဆုံးနှင့် ပြိုင်ဘက်ကင်း တက်ဘလက်ရွေးချယ်မှုကို ပံ့ပိုးပေးထားခြင်းဖြစ်သော ကမ္ဘာ့ ပထမဆုံး ချောမွတ်ပြောင်လက်သည့် မျက်နှာပြင် နှစ်ဖက်ရှိသည့် ၇.၉ လက်မရှိ တက်ဘလက် Famorr ကို ထုတ်လုပ်ခဲ့သည်။
 
 
INHON International ၏ အဓိက အရေးပါသော မှတ်တိုင်များမှာ -
 
၂၀၀၆

  •  INHON International ကို ထူထောင်ခဲ့သည်။
 
၂၀၀၇
  • INHON Technologies ကို ထူထောင်ခဲ့သည်။
 
၂၀၁၁
  • Leadforce International Bicycle Co., Ltd. ကို ထူထောင်ပြီး “Gusto” အမှတ်တံဆိပ်ဖြင့် စက်ဘီးကို တီထွင်ခဲ့သည်။
  • INHON Technologies Group ကို တရားဝင် ထူထောင်ခဲ့သည်။
 
၂၀၁၂
  • INHON Computer Co., Ltd ကို ထူထောင်ခဲ့ပြီး GIGABYTE အတွက် အဓိကမူရင်း ပစ္စည်းများ စတင် ထုတ်လုပ်ခဲ့သည်။ INHON Computer မှ ထုတ်လုပ်သော Notebook သည် Computer Design and Innovation ဆုနှင့် Golden Pin Design ဆု ရရှိခဲ့သည်။
  • INHON Communication Co.,Ltd ကို ထူထောင်ပြီး ၎င်း၏ ပထမဆုံး စမတ်ဖုန်းဖြစ်သော Papilio G1 ကို ကြော်ငြာခဲ့သည်။
 
၂၀၁၃
  • INHON Computer သည် ကမ္ဘာ့အပေါ့ပါးဆုံးဖြစ်သော ၁၃.၃ လက်မရှိ notebook computer ကို ပုံစံထုတ်ပြီး ထုတ်လုပ်ခဲ့သည်။
  • INHON Technologies Group သည် တရုတ်ပြည်ဈေးကွက်သို့ ဒေါ်လာ ၂၀ ကုဋေကို အခိုင်အမာ ရင်းနှီး မြှုပ်နှံခဲ့သည်။
  • Leadforce International သည် အာရှပစိဖိတ်ဒေသတွင်း၌ ဦးဆောင်သော ကုန်အမှတ်တံဆိပ်ဖြစ်သည့် “ATTAQUE” ကို ထူထောင်ခဲ့သည်။
၂၀၁၄
  • INHON Computer သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော မျက်နှာပြင်နှစ်ဘက်ပါရှိသော ၇.၉ လက်မရှိ တက်ဘလက်ကွန်ပျူတာ Famorr ကို ထုတ်လုပ်ခဲ့သည်။
  • Leadforce International သည် ထိုင်ဝမ်၏ ပထမဆုံး ဒေသတွင်း ကြေးစားစက်ဘီးအဖွဲ့ “Team Gusto” ကို ထူထောင်ခဲ့ပြီး ကြေးစားစက်ဘီးအဖွဲ့များကိုပါ ထပ်မံအားဖြည့် ပေါင်းစပ်ခဲ့သည်။

Inhon Computer Taiwan